ဘာကြောင့်ဖုန်းအားအဝင်နှေး၍ အားကုန်မြန်နေရသလဲ?

Left image
2024-06-29
Jake

သင်၏ ဖုန်းအားအဝင်နှေးခြင်း၊ အားကုန်မြန်ခြင်းကို ဖြစ်စေသော အကြောင်းရင်း များနှင့် ဖြေရှင်းလုပ်ဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဖုန်းဘက်ထရီ (Battery) သက်တမ်းလျော့နည်းခြင်း 

  • အကြောင်းရင်း - ဖုန်းသုံးစွဲခြင်းသက်တမ်းကြာမြင့်လာသည်နှင့်အမျှ ဖုန်းဘက်ထရီအကေသက်တမ်းပါ ‌လျော့နည်းလာပါတယ်။ 
  • ဖြေရှင်းနည်း - သက်ဆိုင်ရာ Carlcare Service Center သို့သွားရောက်၍ ဖုန်းဘက်ထရီမူရင်းကို သွားရောက်လဲလှယ်ခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ 

(၂) ဖုန်းအားသွင်းကြိုးနှင့် အားသွင်းခေါင်းများ မကောင်းခြင်း 

  • အကြောင်းရင်း - မူရင်းအားသွင်းကြိုးနှင့် အားသွင်းခေါင်းများကို အသုံးမပြုထား‌ခြင်း။ အားသွင်းကြိုးနှင့် အားသွင်းခေါင်းများ မကောင်းတော့ခြင်း၊ ထိခိုက်ထားခြင်း။ အားသွင်းသည့် ပလတ်ခုံနှင့် ပလတ်ခေါင်းများ မကောင်းခြင်း၊ ဗို့အားမမှန်ခြင်း၊ Shock ဖြစ်နေခြင်းအစရှိသည့် အချက်များက ဖုန်းဘက်ထရီကို ထိခိုက်စေပါတယ်။ 
  • ဖြေရှင်းနည်း - မူရင်းအားသွင်းကြိုးနှင့် အားသွင်းခေါင်းများကိုသာ အသုံးပြုပါ။ မိမိဖုန်းအမျိုးအစားနှင့် ကိုက်ညီသည့် အားသွင်းကြိုးနှင့် အားသွင်းခေါင်းများကိုသာ‌‌ ရွေးချယ်အသုံးပြုပါ။ အားသွင်းမည့် ပလတ်ခုံနှင့် ပလတ်ခေါင်းများ ကောင်းမကောင်းကို သေချာစစ်ဆေးပြီးမှ အားသွင်းပါ။ 

(၃) အားသွင်းသည့်ပုံစံ (သို့မဟုတ်) အသုံးပြုသည့် ပုံစံမှားယွင်းနေခြင်း 

  • အကြောင်းရင်း - နေ့စဥ် ဖုန်းအသုံးပြုနေသည့်ပုံစံ (သို့မဟုတ်) ဖုန်းအားသွင်းသည့်ပုံစံ မှားယွင်းနေပါကလည်း ဖုန်းဘက်ထရီကို ထိခိုက်စေ၍ ဖုန်းအားအကျမြန်စေပါသည်။ 
  • ဖြေရှင်းနည်း (၁) - ဖုန်းအား 100% ပြည့်ပြီးသည့်တိုင် ဆက်လက်၍ ဖုန်းအားသွင်းထားခြင်းကို ရှောင်ကြည်ပါ။ 
  • ဖြေရှင်းနည်း (၂) - ဖုန်းအား အနည်းငယ်လျော့သွားတိုင်း အားအနည်းငယ်မျှသွင်းလိုက် ဖြုတ်သုံးလိုက် အသုံးပြုခြင်းကို ရှောင်ကြည်ပါ။ 
  • ဖြေရှင်းနည်း (၃) - အားလုံးဝကုန်၍ ဖုန်းပိတ်သွားသည်အထိ အသုံးမပြုပါနှင့်။ အနည်းဆုံး 25% - 30% အထိသာ အသုံးပြုပါ။ 
  • ဖြေရှင်းနည်း (၄) - အားသွင်းထားတုန်း ဖုန်းအသုံးပြုခြင်းကို မပြုလုပ်ပါနှင့်။ 

(၄) မလိုအပ်သော Settings များကို ဖွင့်ထားခြင်း 

Display and Brightness

  • အကြောင်းရင်း - Screen Brightness နှင့် Screen Refresh Rate ကို အမြဲတင်ထားခြင်းက ဖုန်းအားကုန်လွယ်စေပါတယ်။ 
  • ဖြေရှင်းနည်း (၁) - Adaptive brightness ဖွင့်ထားခြင်းက ပတ်ဝန်းကျင်ကိုလိုက်၍ အလင်းအမှောင်ကို ချိန်ညှိပေးသောကြောင့် ဖုန်းအားကုန်လွယ်ခြင်းကို သက်သာစေပါတယ်။ 
  • ဖြေရှင်းနည်း (၂) - Dark Theme ကို ရွေးချယ်အသုံးပြုခြင်းက Screen Brightness ကို သက်သာစေပါတယ်။ 
  • ဖြေရှင်းနည်း (၃) - Keep Screen on ကို ပိတ်ထားခြင်းက ဖုန်းအားကုန်ခြင်းကို သက်သာစေပါတယ်။ 
  • ဖြေရှင်းနည်း (၄) - မလိုအပ်ရင် Screen Refresh Rate ‌ကို လျော့ပြီး အသုံးပြုနိုင်ပါတယ်။ 

Notification, Location and Bluetooth

  • အကြောင်းရင်း - မလိုအပ်သော Notification များကို အမြဲဖွင့်ထားခြင်း၊ Location အမြဲပွင့်နေခြင်းက ဖုန်းအားအကုန်မြန်စေပါတယ်။ 
  • ဖြေရှင်းနည်း (၁) - Notification Center ထဲမှ အသုံးနည်း၍ မလိုအပ်သော App အကုန်လုံးကို ရွေးပိတ်ထားပါ။ 
  • ဖြေရှင်းနည်း (၂) - Location ကို အပြင်သွားသည့်အခါ (သို့မဟုတ်) လိုအပ်သည့်အခါမျိုးမှသာ ဖွင့်၍အသုံးပြုပါ။ 
  • ဖြေရှင်းနည်း (၃) - Bluetooth ကို လိုအပ်မှသာ ဖွင့်၍အသုံးပြုပါ။ 

ဘက်ထရီစားသော App (Battery Draining App) များရှိနေခြင်း

  • အကြောင်းရင်း - ဖုန်းအားအကုန်မြန်စေသည့် ပါဝါစားသော App များ ဖုန်းတွင် ရှိနေခြင်းကြောင့် ဖြစ်ပါတယ်။ 
  • ဖြေရှင်းနည်း (၁) - Battery Lab (သို့မဟုတ်) Battery and Power Saving ထဲက ဘက်ထရီစားသော App များကို Scan ဖတ်၍ Optimize ပုံမှန်ပြုလုပ်ပေးပါ။ 
  • ဖြေရှင်းနည်း (၂) - Battery Usage ထဲက Screen time များသော App များကို စိစစ်ချင့်ချိန်အသုံးပြုပါ။ 

Background Apps များနေခြင်း 

  • အကြောင်းရင်း - App များ Background တွင် အမြဲတစေ ပွင့်နေခြင်းက ဖုန်းအားအကျမြန်စေပါတယ်။ 
  • ဖြေရှင်းနည်း (၁) - အသုံးနည်းသည့် App အကုန်လုံးကို background တွင် ပွင့်မနေအောင် ပိတ်ထားပါ။ 
  • ဖြေရှင်းနည်း (၂) - ဆက်လက်အသုံးပြုရန် မလိုအပ်သော App များအားလုံးကို ရှင်း၍ထွက်ထားပါ။ (*မှတ်ချက် - အသုံးပြုန်ရန် လိုအပ်သည့် App များကို မထွက်ရန် အကြံပြုပါတယ်။ App များကို ဝင်လိုက်ထွက်လိုက်လုပ်ခြင်းက ဖုန်းအားကို ပို၍ကုန်စေနိုင်ပါတယ်) 
  • ဖြေရှင်းနည်း (၃) - အသုံးနည်း/အသုံးမလိုသော App များမှာ background data ကို ပိတ်ထားပါ။ App ကိုဖိထားပြီး App Info > Mobile data & Wi-Fi > Background data ကနေ ပိတ်ထားနိုင်ပါတယ်။ Phone Master > Network Management ထဲကနေလည်း မလိုအပ်သော App များ၊ Offline အသုံးပြုနိုင်သည့် App များကို ရွေးချယ်ပိတ်ထားပါ။

(၅) အပူ/အအေးလွန်ကဲခြင်း 

  • အကြောင်းရင်း - အရမ်းပူ (သို့မဟုတ်) အရမ်းအေးသော အပူချိန်အောက်တွင် ရှိပါက ဖုန်းဘက်ထရီကို ထိခိုက်စေပါတယ်။ 
  • ဖြေရှင်းနည်း - အပူ/အအေးလွန်ကဲ ပတ်ဝန်းကျင်(သို့မဟုတ်) နေရာများတွင် ဖုန်းထားရှိခြင်းကို ရှောင်ကြဥ်ပါ။ "ဥပမာ - ပူပြင်းသည့်ရာသီဥတုအောက် ရပ်ထားသည့် ကားထဲတွင် ဖုန်းထားခြင်း (သို့မဟုတ်) ရေခိုးရေ‌‌ငွေ့ရိုက်လွယ်၍ အစိုဓါတ်ရှိသောနေရာများတွင် ဖုန်းထားခြင်း ကိုရှောင်ကြဥ်ပါ။" 

အထက်ပါ အကြောင်းအရာများနှင့် ဖြေရှင်းနည်းလမ်းများက သာမန်ဖြစ်လေ့ဖြစ်ထရှိသည့် ဖုန်းအာအကျလွယ်ခြင်း၊ ဖုန်းဘက်ထရီမခံခြင်း အစရှိသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်သော အချက်များဖြစ်ပါတယ်။ 
TECNO, Infinix, itel ဖုန်းများတွင် ဖုန်းဘက်ထရီ မကောင်းတော့ခြင်း၊ ဖုန်းအားသွင်းပေါက်နေရာ (အောက်ခြမ်း)များ ထိခိုက်ထားခြင်းများအတွက် နီးစပ်ရာ Carlcare Service Center မှာ လဲလှယ်စစ်ဆေးနိုင်ပါတယ်။ 

ဂရုစိုက်မှုတွေနဲ့အတူ အမြဲရှိမယ့် Carlcare 
Yes! We Care.