Android ဖုန်းများတွင် အဖြစ်များဆုံး ဆော့လ်ဝဲပြဿနာများနှင့် ဖြေရှင်းနည်းများ

Left image
2025-03-18
Jake

Android ဖုန်းများတွင် အဖြစ်များဆုံး Software ပြဿနာများနှင့် ဖြေရှင်းနည်းများကို Carlcare Service မှ Android User များအတွက် ဖော်ပြပေးလိုက်ပါတယ်။ 

၁။ ဖုန်းစက်ဟန်းခြင်း 

ဖြေရှင်းနည်း

  • မလိုအပ်သော App များကို ဖျက်‌ထားပါ။ TECNO, Infinix နှင့် itel ဖုန်းများတွင် App များဖျက်သည့်အခါ Clear cache နှင့် Clear storage ပြုလုပ်၍ ဖျက်ပါ။
  • ဖုန်းကို Force Restart ချပေးပါ။ TECNO, Infinix နှင့် itel ဖုန်းများတွင် ပါဝါခလုတ်ကို ဖုန်းစက်ပိတ်၍ Logo ပြန်တက်လာသည်အထိ ဖိထားပေးပါ။
    (Force Restart က သာမန် Restart ပြုလုပ်ခြင်းထက် အနည်းငယ်ပိုကြာနိုင်တာကြောင့် ဖုန်းပြန်တက်သည်အထိ စိတ်ရှည်ရှည်ဖြင့် ခဏတာ စောင့်ရန်လိုအပ်ပါသည်။)
  • ဖုန်းကို System Update လုပ်ပေးပါ။

၂။ ဖုန်းအားအကုန်မြန်ခြင်း 

ဖြေရှင်းနည်းများ

  • ဖုန်းအားကုန်သွားတဲ့အထိ အသုံးမပြုမိအောင် သတိထားပါ။ ဖုန်းအားနည်းနေသည့်အခါ အားပြည့်သည်အထိ အချိန်ပေးသွင်းပေးပါ။ အားပြည့်သွားမှ ဖုန်းကို ပြန်လည်အသုံးပြုပါ။
  • မလိုအပ်သော Background apps များကို ပိတ်ထားခြင်း
  • Screen brightness ကို လျော့ချထားခြင်း
  • Battery saver mode ကို အသုံးပြုခြင်း
  • Software အပ်ဒိတ်များကို ပြုလုပ်ခြင်း

၃။ Application များ Crash ဖြစ်ခြင်း (သို့မဟုတ်) App များ ပြန်ပိတ်သွားခြင်း 

ဖြေရှင်းနည်းများ

  • App ကို update လုပ်ခြင်း
  • Cached data ကို ဖျက်ခြင်း
  • App ကို Uninstall လုပ်၍ အသစ်ပြန် download လုပ်ကာ Install ပြုလုပ်ပေးပါ 
  • ဖုန်းကို System Update လုပ်ပေးပါ။

၄။ ဖုန်းအရမ်းပူခြင်း

ဖြေရှင်းနည်းများ

  • Background apps များကို ပိတ်ထားခြင်း
  • Performance အရမ်းစားသော App များကို အချိန်ကြာမြင့်စွာ သုံးဆွဲခြင်းကို ရှောင်ပါ 

၅။ Wi-Fi နှင့် Bluetooth ချိတ်ဆက်ရန် အခက်အခဲရှိခြင်း

ဖြေရှင်းနည်းများ

  • Wi-Fi နှင့် Bluetooth ကို ပိတ်ပြီး ပြန်ဖွင့်ခြင်း
  • Airplane mode အား ခဏတင်ပြီး ပြန်ဖွင့်ခြင်း 
  • ဖုန်းကို Restart ချခြင်း
  • Network settings ကို Reset ပြုလုပ်ခြင်း
  • WiFi-Router စက်ကို ပိတ်ပြီး ပြန်ဖွင့်ခြင်း 

၆။ ဖုန်း Boot မတက်ခြင်း (သို့မဟုတ်) ဖုန်းပါဝါအလိုအလျောက်ပိတ်သွားခြင်း

ဖြေရှင်းနည်းများ

  • ဖုန်းကို အချိန်အနည်းငယ် ပိတ်ထားပြီးမှ ပြန်ဖွင့်ခြင်း 
  • Factory Reset ပြုလုပ်ခြင်း (*အရေးကြီးသော Data များကို အရင် Backup ပြုလုပ်ပါ)
  • Recovery Mode မှာ ချိန်ကာ Cache partition ကို ဖျက်ခြင်း (*ဖုန်းအမျိုးအစားကိုလိုက်၍ နည်းလမ်းများ မတူညီနိုင်ပါ။ ဖုန်းအကြောင်းနားလည်သောဖုန်းပြင်သမားများအတွက်သာရည်ရွယ်ပါသည်။ လိုအပ်ပါကသက်ဆိုင်ရာ Service Center တွင်သွားရောက်ပြသဖို့ အကြံပြုပါသည်။ TECNO, Infinix, itel ဖုန်းများအတွက် Carlcare Service တွင် ပြုပြင်နိုင်သည်။) 

၇။ ဖုန်း Storage ပြည့်နေခြင်း (သို့မဟုတ်) ဓါတ်ပုံ/ဗီဒီရိုများရိုက်မရခြင်း 

ဖြေရှင်းနည်းများ

  • မလိုအပ်သော Files, Photos, Videos များကို ဖျက်ခြင်း
  • Cloud storage များကို အသုံးပြုခြင်း
  • Apps များ၏ Cached data ကို ဖျက်ခြင်း
  • TECNO, Infinix, itel ဖုန်းများတွင် Phone Master App ကို အသုံးပြုကာ မလိုအပ်သော cache နှင့် data များကို ရှင်းပစ်နိုင်ပါသည်
  • SD card ထည့်သွင်းကာ Storage ဖြည့်စွက် အသုံးပြုခြင်း

အထက်ဖော်ပြပါနည်းလမ်းများဖြင့် Android ဖုန်းများတွင် အဖြစ်များဆုံး ဆော့လ်ဝဲပြဿနာများကို ဖြေရှင်းနိုင်ပါသည်။

အားလုံးပဲ အဆင်ပြေပါစေ။ 

Carlcare
Yes! We Care.